သတင်း

ဘိုကလေးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

2025-07-14

ဘိုကလေး ဇူလိုင် ၁၁

            ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၉ ဒသမ ၁၈၈ သန်းဖြင့် ဆောင်ရွက်မည့် ရွာတန်းရှည်- ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက် လမ်းအရှည် ၀ ဒသမ ၄၀၂ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ၊ ထု ၁၇၅ မီလီမီတာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန တာဝန်ရှိသူများက ခင်းကျင်းမည့်လမ်းနေရာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုးစက်(ဘိုကလေး)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience