သတင်း
မီးသတ်ဦးစီးဌာန(ရုံးချုပ်) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအခမ်းအနား ကျင်းပ
2025-07-14
မရမ်းကုန်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာန(ရုံးချုပ်) ငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး နှင့် အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက်နေ့က အဆိုပါရုံး၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာချိုက ရွေးချယ်ခံရသောအမှုဆောင်များအား ကတိသစ္စာခံယူစေပြီး ဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် အသင်းသား(၃၉၃)ဦးအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ ပေါ်အတိုး (၁၅၁၀၉၆၉၉)ကျပ်နှင့် အသင်းသားအကျိုးဝေစု (၇၈၆၀၀၀၀)အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)