သတင်း

ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

2024-08-09

ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

*****************************************************************************

နေပြည်တော်    ဩဂုတ်    ၉

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ဩဂုတ် ၈ရက် နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက  ရွာသစ်ကျေးရွာရှိ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်၊၊

ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၇၂ ဒသမ ၉သန်း လွှဲပြောင်းပေးအပ်သည်၊၊

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရွာသစ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၅ဦးကို ငွေကျပ် ၃၁ ဒသမ ၈သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူ ၃၅ဦးကို ငွေကျပ် ၉ ဒသမ ၄သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၉၄ဦးကို ငွေကျပ် ၂၉ ဒသမ ၉သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးကို ငွေကျပ် ၁ ဒသမ ၈သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၁၀ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၇၂ ဒသမ ၉သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊

အခြားသတင်းများ
DRD Smart Village
Install App for Better Experience