သတင်း

မက်မန်းမြို့နယ်၌ ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်နိုင်ရေးကွင်းဆင်းဆောင်ရွက်

2025-07-11

မက်မန်း ဇူလိုင် ၁၀

         ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင်ရတိုင်း မက်မန်းမြို့နယ်၌ မက်မန်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွန်ဟောင်းကြီး-ပန်ဟုန်းလမ်း ကျေးရွာချင်းဆက်မြေသားလမ်း ချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ယမန်နေ့က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ထွန်းနှင့် အဖွဲ့သည်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေ ၁၇၄ ဒသမ ၂၉ သန်းဖြင့် ကွန်ဟောင်းကြီး-ပန်ဟုန်းလမ်း လမ်းအရှည် နှစ်မိုင်၊ အကျယ် ပေ ၃၀ ရှိ လမ်းမြေသားချဲ့ခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အေဇက်ထွန်း(မက်မန်း)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience