သတင်း

မိုင်းဆတ်မြို့နယ်၌ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းဖောက်လုပ်ရေး ကွင်းဆင်းစစ်ဆေး

2025-07-10

မိုင်းဆတ် ဇူလိုင် ၈

     ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ပူနားကို - အားဆော်ပေါ်မိုး ကျေးရွာချင်းဆက်လမ်း အရှည် ၁ ဒသမ ၆၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၁၃ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် မြေပြင်အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

     မိုင်းဆတ်မြို့နယ်အတွင်း အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ် ရန်ပုံငွေ ကျပ် ၁၆၅ ဒသမ ၇၈၅ သန်းဖြင့် တင်ဒါအောင်မြင်သည့်လုပ်ငန်းက တာဝန်ယူဖောက်လုပ် မည်ဖြစ်ကြောင်း သိရသည်။

ဇင်မာ

 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience