သတင်း
ကျိုက်မရောမြို့နယ်၌ သမဝါယမအသင်းသားများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ ကျင်းပ
2025-07-08
ကျိုက်မရော ဇူလိုင် ၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကို ဂုဏ်ပြုသောအားဖြင့် အတ္တရံအားမာန်ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသား၊ အသင်းသူ များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ် သည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ကေသီခိုင်က အဖွင့်အမှာစကားပြော ကြားပြီး အတ္တရံအားမာန်အသင်းစုဥက္ကဋ္ဌက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် အခြေခံသမဝါယမအသင်းများမှ အသင်းသား၊ အသင်းသူများအား မြို့နယ်သမဝါယမဦးစီးမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ပစ္စည်းများအား ပေးအပ်ခဲ့ ကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ ဆက်)