သတင်း

ပြည်မြို့၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (၅)ရာခိုင်နှုန်း ဈေးလျှော့ရောင်းချပေး

2025-07-08

ပြည် ဇူလိုင် ၇

(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့အထိမ်းအမှတ်‌နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့ရှိ "မင်းဧရာ" ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်က သမဝါယမ အသင်းသားပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (၅)ရာခိုင်နှုန်း‌ ဈေးလျော့ရောင်းချပေးခြင်း‌ ဆောင်ရွက်သည်။

ထိုသို့ရောင်းချပေးခြင်းကို အဆိုပါအထိမ်းအမှတ်နေ့ ဂုဏ်ပြုဆောင်ရွက်ခြင်းဖြစ်ပြီး ရောင်းချ ပေးရာတွင် ဆန်၊ ဆီ၊ ပဲမျိုးစုံနှင့် အခြေခံစားသောက်ကုန်များအပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံပါဝင်ကာ စားသုံးသူသမဝါယမအသင်းသားမိသားစုများ လာရောက်ဝယ်ယူ အားပေးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience