သတင်း

ရွှေတောင်မြို့နယ်တွင် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ် အတိုးပေအပ်ခြင်းအခမ်းအနား ကျင်းပ

2025-07-08

ရွှေတောင် ဇူလိုင် ၇

(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ်အတိုးပေအပ်ခြင်း အခမ်းအနားကို  ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အမက)ဖိုးခေါင်အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပြီး အသင်းဆိုင်ရာကိစ္စရပ်များ၊ ရှေးလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဦးဌေးဝင်းက (၁၀၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် " မြတ်ရွှေအိုး" ငွေစုငွေချေး သမဝါယမအသင်းမှ စုဆောင်းငွေအပေါ် အတိုးပေအပ်ခြင်း အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် “မြတ်ရွှေအိုး”ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသား (၇၁၃)ဦးတို့၏ စုဆောင်းငွေအပေါ်အတိုးငွေ(၈၅၁၄၉၀၀)ကျပ်အား အသင်းသားများထံသို့ စနစ်တကျခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience