သတင်း
မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်
2025-07-08
ညောင်ရွှေ ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုမှ မိုးစပါးစိုက်သမဝါယမ အသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သမဝါယမအသင်းအဆင့်ဆင်မှ အမှုဆောင်များနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက သွင်းအားစုများပေးအပ်မှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးကာ မိုးစပါးစိုက်သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ စိုက်ဧက ၄၉၂ ဧကအတွက် ဗေဒါသဘာဝမြေသြဇာနှင့် လိုအပ်သောသွင်းအားစုများ ပေးအပ်ခဲ့ ကြောင်းသိရသည်။