သဲကုန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ
2025-07-08
သဲကုန်း ဇူလိုင် ၇
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက်အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဇူလိုင် ၅ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းတို့ပူးပေါင်း၍ အင်းမမြို့ရှိ ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မောင်စန်းနှင့် ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးသန်းဝင်းတို့ ဦးဆောင်၍ စားပင်သီးပင်များဖြစ်သည့် ငှက်ပျောပင်များကို မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် ငါးမွေးမြူရေးကန်လုပ်သားများ ပူးပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)