သတင်း

ရမည်းသင်းမြို့နယ် ချောင်းဖျားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး

2025-07-08

ရမည်းသင်းမြို့နယ် ချောင်းဖျားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး

ရမည်းသင်း  ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောင်းဖျားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် စီမံကိန်းတာဝန်ခံများက ချောင်းဖျားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော အရောင်းအဝယ်လုပ်ငန်းများနှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ချောင်းဖျားကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပထမအကြိမ်အဖြစ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် အသင်းသား၊ အသင်းသူ ၃၀ ဦးကို ငွေကျပ်သိန်း ၃၀၀ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience