သတင်း

ကဝမြို့နယ်တွင် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

2025-07-08

ကဝ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်း အနားကို ဇူလိုင် ၅ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကဝမြို့နယ် "ဘောဂဗလ" ငွေစုငွေချေးသမဝါယမအသင်းလိမိတက်မှ ဦးစီးအရာရှိဦးဇေယျာဝင်းက အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုးများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience