သတင်း

ကျိုင်းတုံမြို့နယ် ပုလဲရတနာစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ မိုးစပါးစိုက်ပျိုး

2025-07-08

တောင်ကြီး  ဇူလိုင်  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ မိုးစပါးစီမံကိန်းသီးနှံစိုက်ပျိုးလျက်ရှိသည့် ပုလဲရတနာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများအား မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ပန်းတိုင်ရည်မှန်းချက် ပြည့်မှီစေရေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် မျိုး၊ သွင်းအားစုများရရှိစေ ရေးအတွက် မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အသင်းမှ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် အသင်းသားပိုင်စိုက်ဧက(၁၉၁)ဧကပေါ်တွင် ငွေကျပ်(382)သိန်းနှင့် ညီမျှသောသွင်းအားစုများကို ပံ့ပိုးထားရှိပြီး အသင်းသားများအနေနှင့် ယခုနှစ်တွင် အထွက်နှုန်းတိုးသည့် ထိုင်းနှံကောက်မျိုးစပါးကိုလည်း စိုက်ဧက(၁၄)ဧကအား အစေ့ချ စိုက်ပျိုးသည့် နည်း (Seeder)စနစ်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience