သတင်း

ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

2025-07-08

သထုံ ဇူလိုင် ၇

             မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်း-အောင်းစိုင်နှင့် ကျောက်တန်း| ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ခရိုင်နှင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဇူလိုင် ၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

              အဆိုပါ ကျေးရွာချင်းဆက်လမ်း (ဝ/၅ ဒသမ ၅)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience