အုတ်တွင်းမြို့နယ်၌(၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
2025-07-08
အုတ်တွင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင် ကျရောက်သည့်(၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၅ ရက်နေ့က သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် ဖြစ်ပေါ်လာပုံအကြောင်းအရာအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က အမှာစကားပြော ကြားခဲ့ သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုများ ပြသ ပေးခြင်း၊ မြို့နယ်အတွင်း မိုးစပါး၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ချစက် (Drum Seeder)များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်အောင် အများဆုံးထွက်ရှိသည့် တောင်ဝင်းကုန်း၊ ဘုရားကြီးကုန်း၊ အရှေ့ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများအား မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်ဥက္ကဋ္ဌ ဦးကြည်စိုးနှင့် ဝန်ထမ်းများ၊ မိုးစပါး နွေစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)