သတင်း
မင်းဘူးမြို့နယ် ပုဂံစစ် ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
2025-07-03
မင်းဘူးမြို့နယ် ပုဂံစစ် ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
မင်းဘူး ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ပုဂံစစ် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို နှင့် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ပုဂံစစ် ကျေးရွာ ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအရည်အသွေး ပြည့်မီစေ ရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည် ပေ ၄၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ၊ပြည်သူထည့်ဝင်ငွေ ၅၀ သိန်း၊စုစုပေါင်း ရန်ပုံငွေ ၂၀၀ သိန်း အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာ ပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇွန် လ ၂၆ ရက် က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှုမှာ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ၊ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးပါက ပုဂံစစ် ကျေးရွာရှိ ကျေးလက်ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေလွယ်ကူမည် ဖြစ်ကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို ထံမှ သိရသည်။
ဇင်မာ