သတင်း

တိုက်ကြီးမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

2025-07-02

တိုက်ကြီး ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍  မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ဥက္ကံကံကုန်းကျေးရွာနှင့် ထိန်ပင်အင်းကျေးရွာတို့၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက မီးခိုးမြူငွေ့များကြောင့် လူများ၏ကျန်းမာရေးကိုသာမက ပတ်ဝန်းကျင် အခြေအနေများကို ယိုယွင်းထိခိုက်စေနိုင်ပုံ၊ တောင်ယာမီး၊ တောမီးများမရှို့ကြရန်နှင့် သစ်တော များ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအုန်းထွန်းက ကျေးလက်နေပြည်သူများအနေဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ရိုးပြတ်များနှင့် ကောက်ရိုးများကို မီးရှို့မှုမပြုလုပ်ရေးနှင့် စနစ်တကျစွန့်ပစ်ကြရေး၊ မီးခိုးမြူငွေ့အန္တရာယ်ကိုသိရှိပြီး မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience