သတင်း

လဲချားမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

2025-07-02

လဲချား ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အ.ထ.က(လဲချား) ခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌ မြို့နယ်ဒုတိယပညာရေးမှူး ဒေါ်မြမြသန်းက အဖွင့်အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမြက ဖြည့်စွက်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အသင်းအဖွဲ့ဝင် အတွင်းရေးမှူးက ဘဏ္ဍာရေးနှစ်စာရင်းရှင်းတမ်းများ ဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ အမှုဆောင်အဖွဲ့ဟောင်းနှုတ်ထွက်ခြင်း၊ အမှုဆောင်အဖွဲ့သစ်ရွေးချယ်ခြင်း၊ နှစ်ချုပ်စာရင်းအားအတည်ပြုခြင်း၊ စသည့်လုပ်ငန်းများ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience