ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
2025-07-03
ရန်ကုန် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းဘေးဝဲ/ယာ အရိပ်ရအပင်များ စိမ်းလန်းစိုပြည်စေရေး ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက အင်းဂလား-ကညင်စမ်း-ကံသုံးဆင့်လမ်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းစိုးနိုင်က မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမင်းနိုင်နှင့် ကျေးရွာပြည်သူများအား ပျိုးပင်များ ပေးအပ်သည်။
ထို့နောက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းစိုးနိုင်နှင့် သစ်တောဝန်ထမ်းများ၊ ကံသုံးဆင့်(မူလွန်) ကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများက အင်းဂလား-ကညင်စမ်း-ကံသုံးဆင့်လမ်း လမ်းဘေးဝဲ/ ယာ၌ မန်ဂျန်ရှား၊ စိန်ပန်း၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းမ၊ ပျဉ်းကတိုး စုစုပေါင်း သစ်ပင် ၅၅၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)