သတင်း
ပုသိမ်ကြီးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
2025-07-02
ပုသိမ်ကြီး ဇူလိုင် ၁
ပုသိမ်ကြီးမြို့နယ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်ပင်သာ-ဆင်ရွာတောလမ်း အရှည် သုည ဒသမ ၆၃၅ ကီလိုမီတာရှိ ကတ္တရာလမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးတို့က ကွင်းဆင်းစစ်ဆေးရာ ပုသိမ်ကြီးမြို့နယ်ဦးစီးအရာရှိ (မြို့ပြ)ဒေါ်မိုးခိုင်နှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)