သတင်း

မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

2025-06-30

မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

******************************************

မြန်အောင်      ဇွန်       ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆန်နီချောင်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို (၂၈-၆-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ စုပေါင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး များ၊ ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန် အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက် လာကြသော ကျေးရွာသူ ကျေးရွာသားများက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပြီး  ကျေးရွာသူ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ခေတ်မီစံပြကျေးရွာထူထောင်ရေး ကော်မတီဝင် ၇ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience