သတင်း

စဉ့်ကိုင်မြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းစစ်ဆေး

2025-06-26

စဉ့်ကိုင် ဇွန် ၂၅

          မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်- မြောက်တောကြီး-တအုံ ကျေးရွာချင်း ချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျောက်ဆည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ အဆိုပါလမ်းသည် အရှည်ပေ ၁၃၂၀၊ အကျယ် ၁၂ပေ၊ အမြင့် ခုနစ်လက်မဒုဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience