သတင်း

စစ်ကိုင်းမြို့နယ်တွင် တောင်သူများအတွက် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုးရေးသွင်းအားစုများပေးအပ်

2025-06-25

စစ်ကိုင်း  ဇွန်  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ၊ ဆင်မင်းလယ်ယာနှင့် အထွေထွေ လုပ်ငန်းစု သမဝါယမအသင်းစုမှ အသင်းဝင်တောင်သူများအတွက် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုး ရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လေးက ဆင်တပ်ကျေးရွာ၊ ဆင်မင်းလယ်ယာနှင့် အထွေထွေလုပ်ငန်းစုသမဝါယမအသင်းစုမှ အသင်းဝင်တောင်သူများအတွက် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လေး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သည့် မျိုးစေ့ချကိရိယာ(၈)ခုနှင့် စိုက်ပျိုးရေးသွင်းအားစုများ အား အသင်းဝင်တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က မျိုးစေ့ချကိရိယာ(၁)ခုလျှင် ငွေကျပ် (၂)သိန်း၊ (၁) သောင်းတန်ဖိုးရှိ မျိုးစေ့ချကိရိယာ (၈) ခုနှင့် အသင်းဝင် တောင်သူ (၇၅) ဦးအား တစ်ဧကလျှင် ငွေကျပ်(၂) သိန်း၊ (၅)သောင်းနှုန်းဖြင့် ဧက(၁၅၀)အတွက် ငွေကျပ်(၃၇၅) သိန်း တန်ဖိုးရှိ မျိုးစပါးများနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်

စစ်ကိုင်းတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience