သတင်း

ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်မှုကွင်းဆင်းကြည့်ရှု

2025-06-25

ပုသိမ်ကြီး ဇွန် ၂၄

        ပုသိမ်ကြီးမြို့နယ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော သလဲကုန်း-ရွာရှည် ကျေးရွာချင်းဆက်လမ်း အရှည် သုည ဒသမ ၄၀၂ ကီလိုမီတာရှိ ကတ္တရာလမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

        မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ အမရပူရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်မိုးခိုင်နှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience