သတင်း
အမရပူရမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
2025-06-25
အမရပူရ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၃၀ ဒသမ ၀၆၉ သန်းဖြင့် ဆောင်ရွက်သည့် ရေဘုတ်-တောယား-ဘောဘုံ- ကင်းဘတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အမရပူရခရိုင် လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦး နှင့် မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နန်းခိုင်သန္တာတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ဘီ