သတင်း

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-ကျွဲခြံကျေးရွာလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

2025-06-24

ဆင်ပေါင်ဝဲမြို့နယ်  ကိုးပင်-ကျွဲခြံကျေးရွာလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

*************************************************************************

ဆင်ပေါင်ဝဲ     ဇွန်      ၂၄

          မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်းရန်ပုံငွေ)ဖြင့် ဆောင်ရွက်မည့် ကိုးပင်- ကျွဲခြံကျေးရွာလမ်း(၀/၆မိုင်)အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၂၃ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုး၊ ဆင်ပေါင်ဝဲမြို့နယ်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဒေါ်မေဇင်သက်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience