သတင်း

ကံမမြို့နယ်၌ ကျောက်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှု

2025-06-23

နေပြည်တော် ဇွန် ၂၂

       ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆုံကုန်း- အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၁၉ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုး၊ ကံမမြို့နယ် ဦးစီးမှူး ဒေါ်အေးနန်းထွေးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးသည်။

ဇော်ဘီ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience