သတင်း

ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

2025-06-24

ပျော်ဘွယ် ဇွန် ၂၄

ပျော်ဘွယ်မြို့နယ်တွင် သစ်ဆိမ့်ပင်ကျေးရွာနှင့် ပိတောက်ပင်ကျေးရွာတို့မှ သမဝါယမ အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးသည် အဆိုပါ ကျေးရွာ စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ထို့ကဲ့သို့ကြည့်ရှုအားပေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးက စပါးရိတ်သိမ်းချိန်တွင် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အလေအလွင့်မရှိစေရေး၊ သက်ဆိုင် ရာဌာနများနှင့်ချိတ်ဆက်၍ နည်းပညာများရယူရေး၊ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး၊ ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ သမဝါယမဦးစီးဌာန အနေဖြင့်လည်း မျိုးစေ့နှင့်သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများပံ့ပိုးပေးနိုင်ရေး၊ ပျိုးထောင်စိုက်ပျိုး သည့်စနစ်၊ မျိုးစေ့ချကိရိယာ Drum Seeder အသုံးပြုစိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းကောင်း မွန်ပြီး မျိုးစေ့သုံးစွဲမှုနှုန်းထားလျှော့ချနိုင်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ချောင်းမကြီးဆည်မှ နွေသီးနှံအတွက်ဖြန့်ဝေပေးသည့် ဆည်ရေဖြင့် သစ်ဆိမ့်ပင်ကျေးရွာနှင့် ပိတောက်ပင်ကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများအနေဖြင့် နွေစပါးစိုက်ဧက(၂၅၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

 

မန္တလေးတိုင်းဒေသကြီး

 

 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience