သတင်း

အုတ်တွင်းမြို့နယ်၌ သမဝါယမအသင်းများက မိုးစပါးများစတင်စိုက်ပျိုး

2025-06-23

အုတ်တွင်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ အင်ဒိုင်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းတွင်  အောင်နိုင်တိုးစပါး (YSR-1) မျိုးများ Seeder ဖြင့် စတင်စိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။ အဆိုပါ အုတ်တွင်းမြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ သမဝါယမမိုးစပါးစီမံကိန်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကျေးရွာများရှိ  အခြေခံသမဝါယမအသင်းများ၏ သမဝါယမအသင်းသားတောင်သူ ၂၅၄ ဦး၊ မိုးစပါးစိုက်ဧက ၁၅၀၀ စိုက်ပျိုးရန်အတွက် တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစု များကို သွင်းအားစုကုမ္ပဏီများနှင့် ချိတ်ဆက်၍ မြို့နယ်သမဝါယမအသင်းစုက အသင်းသား တောင်သူများ လက်ဝယ်အရောက်ဖြန့်ဖြူးပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience