သတင်း

ငဖဲမြို့နယ် ဇင်ပြွန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး

2025-06-23

ငဖဲမြို့နယ် ဇင်ပြွန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမအကြိမ် ထုတ်ချေး

ငဖဲ ဇွန် ၂၃

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ဆဌမ အကြိမ် ထုတ်ချေးခြင်းကို ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်း က ဇင်ပြွန်း  ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တ မြို့နယ်ဦးစီးမှူး ဒေါ် ဇင်မာနွယ်  က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ဇင်ပြွန်း ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး   ခေတ္တမြို့ နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည်။

          ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင် များက ဇင်ပြွန်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၇ ဦးထံသို့ ရန်ပုံငွေ  ၂၃၈ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉  ဦးထံသို့ ရန်ပုံငွေ ၁၂၀ သိန်း ၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၇ ဦးထံသို့ ရန်ပုံငွေ ၂၈ သိန်း၊ အသေးစားလုပ်ငန်းလုပ်ကိုင်သူ  ၃ ဦးထံသို့ ရန်ပုံငွေ ‌ ၉ သိန်း၊ စုစုပေါင်း အသင်းသူ/သား ၁၀၆ ဦးထံသို့ ရန်ပုံငွေ ၃၉၅ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းငဖဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာနွယ် ထံမှ သိရသည်။

            ဇင်မာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience