သတင်း

မအူပင်မြို့၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ

2025-06-23

မအူပင် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်မည့် သမဝါယမ အသင်းသား တောင်သူများသို့ အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားအား မအူပင်မြို့ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းမှ သမဝါယမလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ လမ်းညွှန်အမှာစကား ပြောကြားသည်။ ယင်းနောက် မအူပင်ခရိုင်နှင့်ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ  စိုက်ပျိုးရေး သမဝါယမအသင်း(၃၃)သင်းအတွက် ငွေကျပ်(၂၇၅၂)သန်းတန်ဖိုးရှိ အထွက်တိုးမျိုး၊ သွင်းအားစု များနှင့် မျိူစေ့ချကိရိယာ (Drum Seeder)များအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ မြို့နယ်အလိုက် အသင်းအမှုဆောင်များက လက်ခံရယူခဲ့ကြပြီး အသင်းသားတောင်သူများ၏ ဖွံ့ဖြိုး ရေးတင်ပြချက်များအား တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန့်စင်နှင့် ဝန်ထမ်းများ၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience