သတင်း

သန်လျင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများ ကြည့်ရှုစစ်ဆေး

2025-06-20

ရန်ကုန် ဇွန် ၁၉

        သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းသည် ယနေ့တွင် သန်လျင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု / တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် မြေပြင်အခြေအနေ၊ လိုက်နာဆောင်ရွက်ရန် လိုအပ်သော အချက်များကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး လုပ်ငန်းများ ဆောင်ရွက်မည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience