သတင်း

ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးအထွက်တိုးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများပံ့ပိုး

2025-06-20

ပျော်ဘွယ် ဇွန် ၂၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းသီနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မိုးစပါးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာ တို့အား ပံ့ပိုးပေးခြင်းကို ယမန်နေ့ညနေ(၃)နာရီက ပိတောက်ပင်ကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာ တို့တွင် ပြုလုပ်ခဲ့သည်။

သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရတနာထွန်းက မိုးစပါးစိုက်တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို ဆွေးနွေးပြီး အောင်နိုင်တိုးမိုးစပါးမျိုးစေ့၊ ရရှားရွက်ဖျန်းဆေး၊ စပါးမျိုးစေ့ချကိရိယာတို့ကို ပံ့ပိုး ပေးအပ်ရာ ပိတောက်ပင်နှင့် သစ်ဆိမ့်ပင်ကျေးရွာတို့မှ သမဝါယမအသင်းသားများက လက်ခံရယူ ကြသည်။

မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူများအနေဖြင့် ပိတောက်ပင် ကျေးရွာတွင် ဧက(၁၀၀)၊ သစ်ဆိမ့်ပင်ကျေးရွာတွင်(၆၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မျိုးစေ့ချ ကိရိယာကိုလည်း တစ်ရွာလျှင် တစ်ခုနှုန်းဖြင့် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience