သတင်း
သမဝါယမကောလိပ်(မန္တလေး) ၏ (၃၁) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ
2025-06-17
ပုသိမ်ကြီး ဇွန် ၁၇
သမဝါယမကောလိပ်(မန္တလေး)၏ (၃၁)နှစ်ပြည့် အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ် ရန်ကင်းခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ပဓာနဆရာတော် ဘဒ္ဒန္တဇောတိကထံမှ အနုမောဒနာ တရားနာယူ၍ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူပြီး ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ကျောင်းသား/သူများက ဆရာတော်နှင့်တကွ ရန်ကင်းတောင်ခြေ ဥယျာဥ်ပရိယတ္တိစာသင်တိုက်ရှိ ပင့်သံဃာများအား စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။