သတင်း

မိုးညိုမြို့နယ်၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းသွင်းအားစုပေးအပ်

2025-06-17

မိုးညို ဇွန် ၁၇

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးတင်မြင့်က သွင်းအားစုများ‌ပေးအပ်   ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင် က မိုးညိုမြို့နယ်ကျေးရွာအုပ်စုများအတွင်း ဖွဲ့စည်းဆောင်ရွက်ထားသော သမဝါယမအသင်း(၉)သင်း၊ အသင်းသား(၂၂၅)ဦးအတွက် သွင်းအားစုများကိုပေးအပ်ခဲ့ရာ လဖျော်ပင်ကျေးရွာ၊ ချမ်းရိပ်မြိုင်စိုက်ပျိုး ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌ ဦးကိုထွေးက အသင်းအဖွဲ့များကိုယ်စား လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience