သတင်း

သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေး

2025-06-18

မိုးနဲ ဇွန်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေး‌ ဟောပြောပွဲအခမ်းအနားကို  အဆိုပါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ မိုးနဲမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ကြသည်။ အဆိုပါ အခမ်းအနားတွင် မိုးစပါး စိုက်ပျိုးခြင်းဆိုင်ရာသိသင့်သည့် အကြောင်းအရာများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသိ ပညာပေးရှင်းလင်းဟောပြောပြီး တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများ၏   သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience