သတင်း

ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာ၌ မြေသားမိုးရေလှောင်ကန် ပြုပြင်တူးဖော်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

2025-06-18

ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာ၌ မြေသားမိုးရေလှောင်ကန် ပြုပြင်တူးဖော်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ပျော်ဘွယ် ဇွန် ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာတွင် ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော် ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဝင်းမြတ်သိန်း၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပါသည်။

လျှော်ဖြူကုန်းကျေးရွာ မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်း အလျားပေ ၁၀၀ ၊ အနံပေ ၁၀၀ ၊ အနက် ၁၄ ပေ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို  ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၅၈၁ သန်းဖြင့် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် မေလ စတုတ္ထအပတ်မှ စတင်အကောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

 

သူသူ

အခြားသတင်းများ