သတင်း

ရမည်းသင်းမြို့နယ် ပေါက်အိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး

2025-06-18

ရမည်းသင်းမြို့နယ် ပေါက်အိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး

ရမည်းသင်း  ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်အိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် စီမံကိန်းတာဝန်ခံများက ပေါက်အိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ပေါက်အိုင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄- ၂၀၁၅ ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည်ဆောင်ရွက်ခဲ့ရာ ယခုအခါ ဧကာဒသမအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် အသင်းသား၊ အသင်းသူ ၂၃၂ ဦးကို ငွေကျပ်  ၈၀၀ ဒသမ ၅ သိန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။

 

နီလာ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience