သတင်း

ရေတာရှည်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမူဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

2024-08-07

ရေတာရှည် သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သမဝါယမဦးစီးဌာနတွင် ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား သဘာပတိ ဦးသန်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ရေတာရှည် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီး​​အရာရှိ ဦးအောင်သန်းဦးတို့က အမှာစကားများပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ယာယီကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်စာရင်းရှင်းတမ်း၊ ဘဏ္ဍာရေးရှင်းတမ်းများအား ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ရေတာရှည်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ဒါရိုက်တာအဖွဲ့နှင့် အသင်း စာရင်းစစ်များ ရွေးချယ်ခြင်းနှင့် အတည်ပြုချက်များအား တက်ရောက်လာကြသည့် အသင်းဝင် ကိုယ်စားလှယ်များမှ ရွေးချယ်တင်မြှောက်ကြရာ သဘာပတိ ဦးတင်လတ်မှ ရာထူးခွဲဝေသတ်မှတ်ချက် များနှင့်အညီ အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience