သတင်း
သမဝါယမအသင်း၏ မိုးစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု
2025-06-12
သထုံ ဇွန် ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သရက်တောကျေးရွာရှိ သရက်တောလယ်ယာနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးထွန်းလှ၏ လယ်ဧက(၁၂)ဧကတွင် ရွှေဝါထွန်း အထွက်တိုးမျိုးစပါးအား အစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးနေမှုအခြေအနေအား မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး လိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။