သတင်း

ရှမ်းပြည်နယ်သမဝါယမအသင်းများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

2025-06-12

တောင်ကြီး   ဇွန်  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ချယ်ရီမြေစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းအခြေအနေများအား ပြည်နယ်သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှု၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ  မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်  အညီ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ညောင်ရွှေမြို့နယ်ရှိ “မနောသုခ” စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းသမဝါယမအသင်းမှ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းအခြေ အနေများအား ကွင်းဆင်းကြည့်ရှု့၍ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး စနစ်တကျဆောင်ရွက် ကြရန်နှင့် သွင်းအားစုများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience