သတင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ သမဝါယမအသင်းများသို့ ကွင်းဆင်းကြည့်ရှု

2025-06-13

တောင်ကြီး ဇွန်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ “ရွှေဘော်နင်း” စိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်း သမဝါယမအသင်းမှ အသင်းပိုင် Daedong ထွန်စက်၏ကြံ့ခိုင်မှုခြေအနေနှင့် မိုးစပါး စိုက်ပျိုးရန်အတွက် ပျိုးထောင်ထားရှိမှုအခြေအနေများကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည်  ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် မိုးစပါးစိုက်ဧကပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်သွင်းအားစု များရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။    

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience