သတင်း

ပျော်ဘွယ် မြို့နယ်၊ ညောင်ရွှေ ကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

2025-06-12

ပျော်ဘွယ် မြို့နယ်၊ ညောင်ရွှေ ကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်  ပျော်ဘွယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ‌ညောင်ရွှေကျေးရွာ၌ ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေ ၂၀၀ သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ခင်စန်းဦး နှင့် ဝန်ထမ်းများက မြစိမ်း‌ရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ညောင်ရွှေကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေ ဖြင့်  ‌စိုက်ပျိုး‌ရေး လုပ်ငန်း အကောင်အထည်‌‌ ဖော်မှု အခြေအနေများ ၊ လစဉ်ဖြည့်သွင်းရမည့် စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားမှု နှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအ ပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြောင်းသိရသည်။
       ညောင်ရွှေကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ)  ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ တတိယ အကြိမ်မြောက်အဖြစ်  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၀  ဦးကို  မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ )လည်ပတ် ရန်ပုံငွေကျပ်  ၂၀၀ သိန်း ထိ ထုတ်ချေးထားရှိပြီး   စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ထံမှ သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience