သတင်း

ဖြူးမြို့နယ်၌ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းမှ မျိုးစပါး YSR-1 မျိုး အပါအဝင် ဧက (၅၀၀) ကျော် လျာထားစိုက်ပျိုးလျက်ရှိ

2024-08-05

ဖြူး သြဂုတ် ၅

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းမှ မိုးစပါးအနေဖြင့် YSR-1 မျိုး အပါအဝင် ဧက (၅၀၀)ကျော် လျာထားစိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းအနေဖြင့် အသင်းပိုင်မြေတွင် (၂၀၂၄ -၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် ဧက (၃၀၀) အား မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အပါအဝင် YSR-1 မျိုး (၁၀) ဧက၊ GW-11 မျိုး (၁၀၀) ဧကနှင့် ဒေသ၏ အဓိကကြိုက်သော ဆင်းသုခ၊ ဗျော့ထွန်း၊ ရက်(၉၀)မျိုး (၃၉၀)ဧက စုစုပေါင်း ဧက(၅၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစနစ်များ အနေဖြင့် ဘောင်ပျိုးစနစ်၊ ကောက်စိုက်စက်စနစ်၊ ရိုးရိုးစိုက်ပျိုးစနစ်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးလျက်ရှိကြောင်း လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience