သတင်း

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

2024-08-02

နေပြည်တော် ဩဂုတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာ အလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း မြေဆီလွှာအရည်အသွေး ကောင်းမွန်စေပြီး စိုက်ပျိုးရေးဆိုင်ရာ အကျိုးအမြတ်ရရှိစေရန်အတွက် ရုရှားနည်းပညာသုံး ရွက်ဖျန်း အားဆေးရည်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Cooperation – MOC) လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များ၊ စက်ရုံတည်ဆောက်ရန် မြေနေရာရရှိရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ သဘာဝရွက်ဖျန်း မြေဩဇာဆေးရည် တင်သွင်းမည့်ကိစ္စ၊ မြေပြင်တွင်လက်တွေ့ စမ်းသပ်စိုက်ပျိုးသွားမည့်ကိစ္စ၊ တောင်သူအသိပညာပေးရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များ ရှိပါကလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience