သတင်း

ဖျာပုံမြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

2024-08-02

ဖျာပုံ ဇူလိုင် ၃၁

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း၌ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများ ဇူလိုင် ၂၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဆင-ရှမ်းကွင်းကြီးလမ်းအား ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း၊ ဖျာပုံ-အပြောင် ကျီးနှစ်ပင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လုပ်ငန်းအပေါ် တာဝန်ယူဆောင်ရွက်နေသူများအား မှာကြား ခဲ့ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience