သတင်း

မိုင်းကိုင်မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ ကျင်းပ

2024-08-20

မိုင်းကိုင် ဩဂုတ်၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Gread-12) အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက  ပူးပေါင်း ၍  ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဩဂုတ် ၁၈ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ ၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရဲမှူးသန်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍  ဆွေးနွေးပြောကြားကာ  တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ(၉)ဦးတို့ကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များ  အသီးသီးချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ  သမဝါယမအသင်း (၉)သင်းမှ  အမှုဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience