သတင်း

မှော်ဘီမြို့နယ်၌ မြေသားလမ်းချဲ့ခြင်းနှင့် တံတားပြုပြင်မည့်အစီအစဉ်များ ရှင်းလင်း

2025-06-10

မှော်ဘီ ဇွန် ၉

    ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကြာအင်းစုရွာအဝင်လမ်း မြေသားလမ်းချဲ့ခြင်းနှင့် သစ်သားကြမ်းခင်းတံတားအား ပြုပြင်မည့်အစီအစဉ်များ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

       အဆိုပါ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏစိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရှင်းလင်း ပြောကြားကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience