သတင်း
ထန်းတပင်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်
2025-06-10
ရန်ကုန် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်းကို အဆင့်မြှင့်တင်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမြတ်ခိုင် နှင့် တာဝန်ရှိသူများက ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကျယ် ၁၂ ပေနှင့် အရှည် ၃၀၃၇ ပေ ဆောင်ရွက်သွားမည့် မြေသားလမ်းနေရာ၏ မြေပြင် အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)