သတင်း

ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

2025-06-10

နတ်မောက်  ဇွန်  ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း လီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ် သမဝါယမအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလေးမြင့်နှင့် အတွင်းရေးမှူးတို့က အသင်း၏ဖွံ့ဖြိုးရေးအကြုံပြုဆွေးနွေးခဲ့ကြသည်။  ဆက်လက်၍ အသင်းအမှုဆောင် ဒေါ်မေမဉ္ဇူက အသင်း၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့သည်။

ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသည့် အသင်းသားများအား စုဆောင်းငွေပေါ် အတိုးငွေကျပ် (၂၈ ဒသမ ၉၀)သိန်း ထုတ်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ် သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ(၆၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း  

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience